အားလုံးပဲမင်္ဂလာပါ ကျွန်တော်တို့ လမ်းပြကြယ် ပရဟိတအဖွဲ့လေးမှ နွေးထွေးစွာ ကြိုဆိုပါတယ်..ပရဟိတစိတ်ဝင်စားသူများ ပါဝင်နိုင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်နော်.. ပြုပြင်ဆဲကာလမို့ သိခံကြည့်ရှူပါရန် မေတ္တာရပ်ခံအပ်ပါသည်။.

Wednesday, August 21, 2013

Facebook account ထဲက Primary E-mail address ကို ချိန်နည်း

ဒီနည်းလမ်းလေးက သိထားသင့်ပါတယ် သေသေခြာခြာမသိပဲ Primary E-mail address ချိန်မယ်ဆို Facebook account ကြီး Lock ကျသွားတက်ပါတယ်။ အဲ့ကျမှ လုပ်ပါဦးဆိုပြီး အကူညီလိုက်တောင်းမနေနဲ့နော် :P
အသိတစ်ယောက် Facebook Lock ကျသွားလို့ ကူညီပါဦးဆိုကြည့်လိုက်တော့ Primary E-mail address
ကိုချိန်းထားတယ် ပြန်ယူဖို့ E-mail လိပ်စာတောင်းတော့ အရင် E-mail ပြန်ပေးတယ် သေပြီပေါ့
 Primary E-mail address ချိန်းထားပါတယ်ဆို အရင်မေးနဲ့ ကျွန်တော် ဘာလုပ်ရမှာလဲ ကျွန်တော်လဲ လက်မရှော့ဘူး မရရအောင်ကိုလုပ်နေတာ :D နောက်မှ Primary E-mail address ချိန်းထားတာသိလို့ချိန်းတဲ့ E-mail ကို ပြန်တောင်းလိုက်ရတယ်။  ကဲလေရှည်နေတာနဲ့လိုရင်မရောက်  Primary E-mail address ချိန်နည်း  အကို Myanmar IT Helper ဆီက မလာတယ်... :D အောက်မှာကြည့်လိုက်ပါနော် ... :)

ဘယ်လို Change မလည်းဆိုတာမပြောခင် ကျွန်တော်
ကိုယ်တိုင်ဘာကြောင့်ပြောင်းရသလည်းဆိုတာ ကိုပြောပါ့မယ်။
ကျွန်တော်အရင်က Facebook ကိုခြေစချတော့
cristianozarni6.5@gmail.com တိုတဲ့ အကောင့် နာမည်နဲ့ ပါ။
တစ်နေ့ အင်တာနက်ဆိုင်မှာသုံးပြီး ပြန်လာတော့ ကျွန်တော့
အကောင့်ကို ကိုယ်တော် ချောတစ်ယောက်က မ သွားပါလေရော…
တစ်ခုပေါ့ဗျာ ကျွန်တော်က ဒီအကောင့်တစ်ခုတည်းကိုပဲ Facebook
နဲ့ G-talk နှစ်ခုလုံးကိုတစ်ပြိုင်တည်းသုံးပါတယ်။ ပါသွားတာက G-talk
မှာသုံးတဲ့ Password ပါသွားတာပါ။ Facebook ကိုကတော့ ဒီနာမည်နဲ့ပဲ
တစ်ခြား Password ပေးထားတော့ သူဝင်လို့မရဘူးပေါ့။ ဒါပေသိ…
Facebook နဲ့ ပတ်သက်သမျှ Notification မှန်သမျှကတော့ Mail
ထဲကိုပဲ သွားမှာဆိုတော့ ကျွန်တော်ဘာမှ မသိဘူးပေါ့။ဒါနဲ့ပဲ Facebook
ထဲမှာ Password ကို Secure ဖြစ်အောင် ပြန်သတ်မှတ်ထားလိုက်ပါတယ်။
ဒီလိုနဲ့ စဉ်းစားမိပြီး ကျွန်တော်တို့ Facebook ကိုဝင်တဲ့အခါ E-mail Address
နဲ့ ၀င်ရတာကို ဘယ်လိုချိန်း မလည်းဆိုတာကိုစဉ်းစားမိပြီး စာဖတ်ကြည့်
လိုက်တော့ တွေ့ပါပြီ လုပ်ဆောင်ချက်တွေကို… ကဲ ပုံတွေနဲ့ လိုက် ကြည့်
လိုက်ရအောင်လားဗျာ..အရင်ဆုံး သင့်ရဲ့ Facebook Account ထဲကိုဝင်
လိုက်ပါပြီးသွားရင် Setting ထဲကနေ Account setting ကိုဝင်လိုက်ပါ။


ပြီးသွားရင် အောက်ဖော်ပြပါပုံအတိုင်း

Email Setting မှာ Edit ကိုနှိပ်လိုက်ပြီး ကျွန်တော် မျှားအနီရောင်က
လေးပြထားတာလေးကိုနှိပ်လိုက်ပါ။အောက်ပါပုံအတိုင်း




အစိမ်းရောင်မျှားပြထားတဲ့နေရာလေးမှာ သင်လက်ရှိပြောင်းမယ့်
E-mail Address ကိုရိုက်ထည့်ပေးပါ ပြီးသွားရင် အနီရောင်မျှား
ပြထားတဲ့နေရာလေးမှာ သင့်အကောင့်ကို လက်ရှိဝင်နေတဲ့
Password ကိုမှန်အောင်ရိုက်ထည့်ပေးပါ။ ပြီးသွားရင် ပန်းရောင်မျှား
လေးပြထားတဲ့နေရာမှာ Save Changes ဆိုတာလေးကိုနှိပ်လိုက်ပါ။
ဒါဆိုရင် အောက်ဖော်ပြပါပုံအတိုင်း



Email Confirmation လုပ်ဖို့ Message ပြပါလိမ့်မယ် Okay
လို့နှိပ်လိုက်ပြီး သင်ပြောင်းထားတဲ့ E-mail အသစ်ကိုသွားဖွင့်လိုက်ပါ။


ပြီးတာနဲ့ သင့်မေးလ်ထဲကိုဝင်လိုက်ပါ။


အထက်ဖော်ပြပါပုံမှ ကျွန်တော်အနီရောင်မျှားပြထားတဲ့ နေရာလေး
ကိုနှိပ်လိုက်ပါ။ဒါဆိုရင် သင်ချိန်းလိုက်တဲ့ Primary E-mail Address
က ပြောင်းသွားတာကို အောက်ဖော်ပြပါပုံအတိုင်းတွေ့ရမှာဖြစ်ပါတယ်။


အဲဒီမှာတစ်ခုပြောချင်တာက အောက်ပါပုံကိုဆက်ကြည့်ပေးပါ။



ဒါဆိုရင် သင့်ရဲ့ Facebook Account ကို ၀င်ဖို့အတွက် E-mail
Address နှစ်ခုဖြစ်နေတာကိုတွေ့ရပါလိမ့်မယ်။ အဲဒီမှာမှ မိမိသုံးချင်
တဲ့ Account တစ်ခုကို Radius Check Box လေး On ပေးပြီးတော့
ကျန်တဲ့အကောင့်တစ်ခုကို Remove နှိပ်ပြီး Password နေရာမှာ
သင်လက်ရှိအကောင့်ကိုသုံးနေတဲ့ Password ကိုရိုက်ထည့်ပြီး
Save Changes ဆိုတာနှိပ်လိုက်ရုံနဲ့ E-mail Address တစ်ခုက
ပျက်သွားမှာဖြစ်ပါတယ်။ကဲ အားလုံးပဲအဆင်ပြေပါစေလို့
ဆုတောင်းပေးပါတယ်။ ဦးဦးဇာနည်အား အထူးပင်ကျေးဇူးတင်ရှိပါသည်ခင်ဗျာ :)

                                                         အားလုံးအဆင်ပြေပါစေနော်...

လမ်းပြကြယ်ပရဟိတအဖွဲ့ သို့လာရောက်သူအပေါင်းကိုယ်စိတ်နှစ်ဖြာ ကျန်းမာလို့ ချမ်းသာကြပါစေ...


Like the Post? Do share with your Friends.

No comments:

Post a Comment

IconIconIconFollow Me on Pinterest

Blogger news

What's Hot