ဘလော့ဂါအသစ်များအတွက်ပါ ဘလော့မှာ Facebook Like box ထည့်ချင်လို့ပါဆို မေးသူလဲ ရှိလို့
တင်ပေးလိုက်တာပါ။ ကဲ့အထက်က Facebook Like box လေးလိုချင်ရင်အောက်ကအတိုင်းလုပ်လိုက်ပါ
1. ပထမဆုံး ဒီမှာ ၀င်လိုက်ပါ။
2. အဲ့စာမျက်နှာထဲကို ရောက်ရင် Facebook Like URL မှာ မိမိရဲ့ Facebook Page လိပ်စာလေးကိုထည့်ပေးလိုက်ပါ။ အောက်မှာပြထားတာFacebook Page ကို ၀င်ပြီး Facebook Page URL ယူထားတာပါ။အဲ့မှာရှိတဲ့လင့်ကို Copy ကူးခဲ့ပေါ့နော်။
Facebook Page URL ကို ထည့်ပြီးရင် Enter နှိပ်လိုက်ပါ။ အဲ့အဆင့်ပြီးရင်တော့ မိမိရဲ့ Facebook Like box လေးကို မြင်နေရပါပြီး :) အိုကေ နော် ဆက်သွားမယ် အောက်မှာရှိတဲ့ Get code ကိုနှိပ်လိုက်ရင်တော့
ဘလော့မှာ ထည့်ရမဲ့ Code တွေရရှိမှာပါ။ အောက်မှာ ...
ရရှိလာတဲ့ Code 1 နဲ့ 2 တွေကို Notepad မှာ Copy ကူးထားလိုက်ပါ။ ဒီတိုင်းထားလဲရပါတယ် အရေးကြီးတာ
အဲ့ Code တွေကို မိမိတို့ ဘလော့ မှာထည့်ပေးဖို့ပါ။ ကဲCode တွေထည့်ဖို့ အဆင်သင့်ဖြစ်ရင် အောက်ကအတိုင်းဆက်လုပ်ပါ။
►1- Blogger Singin ၀င်လိုက်ပါ။
►2- Dashboard ကိုသွားလိုက်ပါ။
►3- Template ကိုကလစ်ပါ..။
►4- Edit HTML ကိုဝင်ပါ..
►5- HTML ကုဒ်တွေထဲမှာ </body> ကိုရှာပါ။ Ctrl + F အကူညီဖြင်ရှာရင် ပိုမြန်ပါတယ်။
</body> ကိုရှာတွေ့ရင် </body> အပေါ်မှာ Code နံပက် ( 1 ) ကိုထည့်ပေးလိုက်ပါ။
ပြီးရင် Save Template ပေါ့။
Code နံပက် 2 ထည့်ရမဲ့နေရာကတော့
►1. Layout ကိုကလစ်ရပါ့မယ် မိမိတို့ Dashboard ကနေပေါ့
►2. Add a Gadget ကိုကလစ်ပေးလိုက်ပါ
►3. HTML/Javascript. ကိုကလစ်ပြီး ကျလာတဲ့ ဘောက်လေးထဲမှာဘဲ
►4. မှတ်ထားတဲ့ Code နံပက် ( 2 ) ကို ကော်ပီယူ ထည့်လိုက်ပါ။
ပြီးရင်တော့ Save လိုက်ရင် မိမိ ဘလော့မှာ Facebook Like box
လေးတစ်ခုအောင်မြင်စွာထည့်လို့ပြီးသွားပါပြီ။
အားလုံးအဆင်ပြေပါစေနော်...
လမ်းပြကြယ်ပရဟိတအဖွဲ့ သို့လာရောက်သူအပေါင်းကိုယ်စိတ်နှစ်ဖြာကျန်းမာလို့ချမ်းသာကြပါစေ...
No comments:
Post a Comment