Android phone/Tablet များအတွက် လက်ရှိ updateထွက်ရှိထားတဲ့ Android ဖုန်း/Tablet ပေါင်းစုံ (တရုတ်ဖုန်း/Tablet များပါမကျန်) အားလုံးနီးပါးကို Root လုပ်နိုင်စွမ်းရှိတဲ့ VRoot v1.7.4 ကိုတင်ပေးလိုက်ပါတယ်။ Android 1.5 မှ Android 4.2 အထိရှိတဲ့ Android Devices ပေါင်းများစွာကို Root လုပ်နိုင်ပါတယ်။ အသုံးပြုသူတွေကြားမှာလည်း တကယ်နာမည်ကြီးတဲ့ Root Tool လေးပါ။ အောက်က link မှာရယူနိုင်ပါတယ်။
Download ရယူရန်
ဆိုဒ်ထဲမှာတရုတ်စာတွေနဲ့ဘယ်မှာဒေါင်းရမှန်းမသိတဲ့သူငယ်ချင်းများတော့ ဒီမှာ ယူပါ
Root လုပ်နည်း
ပထမဆုံး Root လုပ်ချင်တဲ့ ဖုန်းကို ပါဝါဖွင့်ပါ။ ပြီးရင် Setting –> Developer Option(Only For Android Version 4.0 upper) –> USB Debugging ဘေးမှာ အမှန်ခြစ်လေး ခြစ်ပေးလိုက်ပါ။ တကယ်လို့ Root လုပ်ချင်တဲ့ဖုန်းက Y210C, Y210 တို့လို Android Version 2.3 လောက်ပဲ ရှိရင်တော့ Setting –> Application –> Development –> USB Debugging ဆိုပြီး သွားခြစ်ရပါမယ်။ ပြီးရင်တော့ ဖုန်းကို ကွန်ပြူတာနဲ့ ချိတ်လိုက်ပါ။ Driver သိနေဖို့တော့ လိုပါမယ်။ Driver မရှိရင် ကွန်ပျူတာနဲ့ဖုန်းနဲ့ချိတ်ဆက်လို့မရပါဘူး။ Android phone Driver တွေကို ဒီမှာ ယူနိုင်ပါတယ်။
ဖုန်းရဲ့ Driver ကို ကွန်ပြူတာက သိတယ်ဆိုရင် ပုံမှာပြထားတဲ့အတိုင်း ပေါ်လာပါမယ်။ ၀ိုင်းပြထားတဲ့ နေရာလေးမှာ — ဆိုတာလေးရယ် သူ့နောက်မှာ တရုတ်စာလုံးတစ်လုံးနဲ့ တွဲရက် Root ဆိုတဲ့ စာလုံးလေး ပေါ်လာပြီး ခလုတ်လေး စိမ်းနေပြီဆိုရင် Root လုပ်လို့ရပါပြီ။ အဲဒီအစိမ်းခလုတ်လေးကို နှိပ်လိုက်ပါ။ ဒီလိုပေါ်လာပါလိမ့်မယ်။
အဲလိုလေး ခဏ ပေါ်နေပြီးလို့ Root လုပ်လို့ အေင်မြင်သွားပြီးဆိုရင် ဒီလိုပေါ်လာပါလိမ့်မယ်။
တကယ်လို့ Root လုပ်လို့ မရဘူးဆိုရင်တော့ Root လုပ်လိုက်တဲ့ နေရာမှာ ဒုတိယ ပုံလေးပဲ ပေါ်နေပြီးတော့ ဖုန်းကတော့ ခဏခဏ Restart ကျနေမှာ ဖြစ်ပါတယ်။ Root ဖြစ်ပြီဆိုရင် တတိယပုံ ပေါ်လာပြီးရင် Restart ကျပါမယ်။ Root မဖြစ်ရင်တော့ ဒုတိယပုံမှာတင် ရပ်နေပြီး စက်က Restart ကျသွားမှာပါ။ အဲလိုဖြစ်ရင်တော့ ဖုန်းကို ကြိုးဆွဲဖြုတ်လိုက်တာ အကောင်းဆုံးပါပဲ။ မဟုတ်ရင် ဖုန်း Firmware ထိသွားနိုင်ပါတယ်။
ဖုန်းထဲမှာမြန်မာဖောင့်နှင့်ကီးဘုတ်ထည့်နည်းကို ဒီမှာ ဆက်လေ့လာနိုင်ပါတယ် ။
အားလုံးအဆင်ပြေပါစေနော်...
လမ်းပြကြယ်ပရဟိတအဖွဲ့ သို့လာရောက်သူအပေါင်းကိုယ်စိတ်နှစ်ဖြာ ကျန်းမာလို့ ချမ်းသာကြပါစေ...
Thursday, February 6, 2014
VRoot v 1.7.4 for android(latest version)

Like the Post? Do share with your Friends.
Labels:
Android Applications,
Root Tools
Subscribe to:
Post Comments (Atom)
No comments:
Post a Comment